နိုင်ငံရေး အကျဉ်းသား ဗယ်လန်တင်ဆီကနေ သတင်းနှိက်ဖိုအတွက် ဂေးတစ်ယောက်ဖြစ်တဲ့ မာလီနီဆိုတဲ့ ထောင်သားကို တစ်ခန်းတည်း အတူတူနေရာချပေးလိုက်တာကနေ စပါတယ်။ ဘာမှအကြိုက်မတူလို သတင်းနှိက်မရတဲ့ အဆုံးမှာ မာလီနီတစ်ယောက် မေးခွန်းတစ်ခုမေးလိုက်တယ်။
“ မင်းရဲ့ အကြိုက်ဆုံး ရုပ်ရှင်က ဘာလဲ”
အဲဒီမှာပဲ အကြိုက်ဆုံး ရုပ်ရှင်မရှိတဲ့ ဗယ်လန်တင်အတွက် သူ့ရဲ့ အကြိုက်ဆုံးဂီတရုပ်ရှင်အကြောင်း ပြောပြရင်း သူတိုလည်း ပိုပြီး ရင်းနှီးလာခဲ့ပါတယ်။
အခက်အခဲတွေကို အတူတူဖြတ်သန်းပြီးတဲ့နောက်မှ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ယုံကြည်လာကြပေမဲ့ အဆုံးမှာ မာလီနီတစ်ယောက် အချစ်ကို ရွေးချယ်သွားမလား ဒါမှမဟုတ် လွတ်မြောက်ခွင့်ကို ရွေးချယ်သွားမလား…
အခုထိ ဟော့နေဆဲ ၂၀၀၀ခုနှစ်တွေရဲ့ Pop icon Jennifer Lopez တစ်ယောက်လည်း ပါဝင် သရုပ်ဆောင်ပေးထားပြီး သူ့ရဲ့ အဆိုအက အလှကိုလည်း ခံစားနိုင်မှာဆိုတော့ ကြည့်ရတာ အရှုးမရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားမို မိတ်ဆက်ပေးလိုက်ရပါတယ်။
Link
